မြစ်ကြီးနား၊ ဇန်နဝါရီ ၇ ရက်

(၇.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျူဟာစီမံကိန်း(၂၀၂၅-၂၀၂၉)မိတ်ဆက်ပွဲ နှင့် နိုင်ငံ့ ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲ အခမ်း အနားသို့ Zoom Meeting ဖြင့် ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ် ဥပဒေအရာရှိဦးကပ်တလွန်း၊ ရုံးအဖွဲ့မှူးဦးစံဖေတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
