ဥပဒေရေးရာဝန်ကြီးဌာနရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုအိမ်ထောင်စု ၇၅ စုအား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးမှ တွေ့ဆုံအားပေးထောက်ပံ့မှုများပြုလုပ်

နေပြည်တော် ဧပြီ ၁

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူး ချုပ်နှင့်၊ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေအိမ်အသီးသီးမှ အရာထမ်း၊အမှုထမ်းများအတွက် ဖွင့်လှစ်ထားသည့် ယာယီစခန်း တွင်မိသားစုဝင်များကို တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ငလျင်ဘေးဒဏ်ခံ ဝန်ထမ်းများ နေထိုင်မှု အဆင်ပြေစေရန် ယာယီအဆောက်အဦများ ဆောက်လုပ်ထားရှိမှု၊ လျှပ်စစ်မီး၊ ရေ၊ နေရာထိုင်ခင်းနှင့် စားဝတ်နေရေးများ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစု အိမ်ထောင်စု ၇၅ စုတွင် လူဦးရေ ၂၂၅ ဦးအတွက် လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ သောက်သုံးရေ၊ စားသောက်ဖွယ်ရာများနှင့် စောင်၊ ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)