ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား၊ မြန့်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇ ရက်

(၇.၂.၂၀၂၅)ရက်နေ့ နံနက်(၀၇၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ပြည်နယ်ပို့ဆက်ရုံး၊ ဆွမ်ပရာဘွမ်လမ်းနှင့် လမ်းသွယ်(၄) လမ်း ဆုံထောင့်၊ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေးတက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်တွင် ကျင်းပသည့် မြန့်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ (၁၅၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ မဂ္ဂင်လမ်းသွယ်၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးဝန်ထမ်းအိမ်ရာ ဝင်းတွင် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)