မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄ ရက်

(၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၀၇၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဗလမင်းထင်ဧက -၁၀၀၊ စံပြစိုက်ကွင်းတွင် စံပြစိုက်ခင်း ကွင်းဆင်းကြည့်ရှုခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး သွား ရောက်ခဲ့ကြောင်း၊ (၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ပြည်နယ်အားကစားကွင်းတွင် ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲပိတ်ပွဲ အခမ်း အနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
