မြစ်ကြီးနား၊ မတ်လ ၁၄ ရက်

(၁၄.၃.၂၀၂၅)ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ တပင်ရွှေထီးလမ်း တွင် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေပေါ်တွင် ငှားရမ်းဖွင့်လှစ် သည့် JZ Centre အား ဘုရားသခင်ထံ ဆက်ကပ်အပ်နှံမည့် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
