ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ်လ ၃၁ ရက်

(၃၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀၀၀)အချိန် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ပြီး ကချင် ပြည်နယ်ဥပဒေချုပ်ရုံးမှ ငလျင်ဘေးသင့်ပြည်သူများ အတွက် လှူဒါန်းငွေ(၁၆)သိန်းကို ကချင်ပြည်နယ်ဥပဒေချုပ်မှ ကချင် ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှလည်း ပြည်နယ်အစိုးရအဖွဲ့ဝင် အနေဖြင့် အစိုးရအဖွဲ့ထံ သီးသန့်အလှူငွေ (၅)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)