ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဧပြီ ၂၂ ရက်

၂၂-၄-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌  ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်    ဦးတင့်လွင် ၊      အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး     ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး  များ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)