အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဒီပလိုမာ မရရှိသေးသည့် မူလတန်းအဆင့် ဆရာ၊ဆရာမများအား ပညာရေးနှင့် သင်ပြနည်း ဒီပလိုမာသင်တန်း (Diploma in Education and Pedagogy-Dip.EP) သင်တန်း(၄)လ ကြာဖွင့်လှစ် သင်ကြားပေးလျက်ရှိရာသို့ သွားရောက်ကြည့်ရှု အားပေး

မကွေး၊ ဧပြီ ၂၉ ရက်

၂၉-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ အမှတ်( ၁၊ ၂၊ ၃၊ ၄) အခြေခံပညာအထက် တန်းကျောင်းများ၌ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေ ကြသည့် ပညာရေးဒီပလိုမာ မရရှိသေးသည့် မူလတန်းအဆင့် ဆရာ၊ဆရာမများအား ပညာရေးနှင့် သင်ပြနည်း ဒီပလိုမာသင်တန်း (Diploma in Education and Pedagogy-Dip.EP) သင်တန်း(၄)လ ကြာဖွင့်လှစ် သင်ကြားပေး လျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  တိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)