ပြည်နယ်လူငယ်ရေးရာ ကော်မတီနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား၊ မြန်မာနှစ်သစ်အကြို MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် အခမ်းအနားနှင့် ကချင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး သီးနှံပြန်လည်စိုက်ပျိုးမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မ တီမှ ရန်ပုံငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဧပြီ ၁ ရက်

(၁.၄.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင်  မြစ်ကြီးနားမြို့၊ အ.ထ.က-၉၊ ရွှေသွေးခန်းမတွင် ပြည်နယ်လူငယ်ရေးရာ ကော်မတီနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းတွင် မြန်မာနှစ်သစ်အကြို MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး  နှင့် ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း၊ နေ့လယ်(၁၃၀၀)အချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမတွင် ကချင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး သီးနှံပြန်လည်စိုက်ပျိုးမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရန်ပုံငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)