ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (တတိယအကြိမ်) စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာအခမ်းအနားနှင့် ကချင်ပြည်နယ် ဥပဒေချုပ်ရုံးရှိ ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ရုံးအဖွဲ့မှူး၊ ဒုပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိနှင့် ဒုခရိုင်ဥပဒေ အရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုမြို့နယ်ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများမှ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့အား မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ထုံးတမ်းအစဉ်အလာအရ ဂါရဝပြုကန်တော့

မြစ်ကြီးနား၊ ဧပြီ ၉ ရက်

(၉.၄.၂၀၂၅)ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ အံတော်ရှင်ကျောင်းတိုက်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (တတိယအကြိမ်) စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂ လာအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး  တက်ရောက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက်(၁၀၃၀)အချိန်ခန့်တွင် ကချင်ပြည်နယ် ဥပဒေချုပ်ရုံးရှိ ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ရုံးအဖွဲ့မှူး၊ ဒုပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိနှင့် ဒုခရိုင်ဥပဒေ အရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုမြို့နယ်ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများမှ ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့အား မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ထုံးတမ်းအစဉ်အလာအရ ဂါရဝပြုကန်တော့ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)