မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်း၌ ဘေးမဲ့ငါးလွှတ်ပွဲကျင်းပပြုလုပ်ရာ အခမ်းနားသို့ တက်ရောက်

မကွေး၊ ဧပြီ ၉ ရက်

၉-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်း၌ ဘေးမဲ့ငါးလွှတ်ပွဲကျင်းပပြုလုပ်ရာ အခမ်းနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီး ချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)