ဘားအံ၊ ဧပြီလ ၉ ရက်

၉.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ” ရာဂီမုန်တိုင်းမတိုင်မီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ သွင်းအားစုဖိုးလိုအပ်ငွေ၏(၂၅%)ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ ကရင် ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
