မြစ်ကြီးနား၊ ဧပြီ ၁၅ ရက်

(၁၅.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သို့ ထိန်ချုံးအပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များမှ တရုတ်ငွေ ယွမ်(၄၅၁၄၇၂)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
