မြစ်ကြီးနား၊ ဧပြီ ၁၄ ရက်

(၁၄.၄.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် (သင်္ကြန်အကျနေ့) သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
