ဘားအံ၊ ဧပြီလ ၁၃ ရက်

၁၃.၄.၂၀၂၅ ရက်နေ့ နံနက် (၇:၃၀) နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျော်ဇေယျလမ်းနှင့် ချစ်သူလမ်းကြားလမ်းဆုံတွင် ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ” လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား“ သို့ ကရင် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
