မကွေး၊ ဧပြီ ၁၂ ရက်

၁၂-၄-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးတွင် ရဟန်းရှင် လူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေမှုကို ကြည် ညိုသဒ္ဓါပွားများကာ အာရုံခံတန်ဆောင်းအသစ်ကြီး တည်ဆောက်နေမှုအား မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
