ဘားအံ၊ ဧပြီလ ၁၁ ရက်

၁၁.၄.၂၀၂၅ ရက်နေ့ မွန်းလွဲ (၃:၀၀) နာရီ အချိန်တွင် ဘားအံမြို့၊ မြတ်ပညာခန်းမ၊ အ.ထ.က(၄)ကျောင်းတွင် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ်၊ အခြေခံ ပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် နွေရာသီအင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
