ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်ပွဲ  အခမ်းအနားသို့  ကရင်ပြည်နယ်ဥပဒေချုပ်မှ ပါဝင်တက်ရောက်

ဘားအံ၊ ဧပြီလ ၁ ရက်

၁.၄.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မြန်မာ နိုင်ငံအတွင်း အင်အားအလွန်ပြင်းထန်သည့်  မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့  ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ  တက်ရောက်ခဲ့ရာ  ပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန် ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)