ဘားအံ၊ ဧပြီလ ၄ ရက်

၄.၄.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)စက်မှုဇုန် သင်တန်းခန်းမဆောင်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(ဘားအံ)၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၅)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၄)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
