မကွေး၊ ဧပြီလ ၄ ရက်

၄-၄-၂၀၂၅ ရက်နေ့က မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန် ခန်းမ၌ ၂၀၂၅ ခုနှစ်၊ နွေရာသီတယောတီးခတ်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် နှင့်ဇနီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တယောတီးခတ်မှု နည်းပြနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
