မကွေး၊ ဧပြီလ ၄ ရက်

၄-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်း(၉:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေ အရာရှိများ၏ ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များကို မကွေး တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ပြန်လည်ရှင်းလင်းသည့် အခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ၊ခရိုင်ဥပဒေအရာရှိများ ၊ လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိများ ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ ၊ မြို့နယ်ဥပဒေအရာရှိ များ၊ ဦးစီးအရာရှိများ နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
