မကွေး၊ ဇွန်လ ၅ ရက်

၅-၆-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအိချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
