ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မ တီမှ ကြီးမှူး၍ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင် ရာသက်မွေးပညာကာလတို သင်တန်းများ ဖွင့်ပွဲအခမ်အနားသို့ တက်ရောက်

ဘားအံမြို့၊ မေလ ၆ ရက်

၆.၅.၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီမှကြီးမှူး၍ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖြစ်သော ”    အခြေခံကွန်ပျူတာသင်တန်း   (၂/၂၀၂၅) ၊  (၃/၂၀၂၅)၊ အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၅)၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်းအခြေခံနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်း(၂/၂၀၂၅)” သင်တန်းဖွင့်ပွွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ   ပြည်နယ်  အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)