ဘားအံမြို့၊ မေလ ၁၁ ရက်

၁၁.၅.၂၀၂၅ ရက်နေ့ နံနက် (၀၆:၀၀) နာရီအချိန်၌ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်တွင် တည်ထားကိုးကွယ်ပူဇော်သည့် ” ကြာအင်းတောင် ဆဋ္ဌမစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာ” အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
