မကွေးတိုင်း ဒေသကြီး ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄’×၁၈၀) RC ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန်လ ၂၅ ရက်

၂၅-၆-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က တိုင်းပြည်သူ့ဆေးရုံကြီးတွင်  မြန်မာမြို့ပြ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း (MDA)မှ တာဝန်ယူဆောင်ရွက်မည့် မကွေးတိုင်း ဒေသကြီး ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄’×၁၈၀) RC ဆောက်လုပ်ခြင်း ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးတို့က သတ်မှတ် နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်တွင်  ပန္နက်ရိုက်ခြင်း မင်္ဂလာဆောင်ရွက်ခဲ့ပြီး၊ ပန္နက် ရိုက်နေရာများကို အမွေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)