မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာဈေးရှေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားနှင့်မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ အမှတ်(၃)၊ အခြေခံပညာအထက် တန်းကျောင်းတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲနှင့် နမူနာအမှိုက်ပုံးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ ဇွန်လ ၂၅ ရက်

(၂၅.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈၀၀)အချိန် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာဈေးရှေ့   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ   အခမ်းအနားသို့   ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊   နံနက်(၀၉၀၀)အချိန်တွင်  မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲနှင့် နမူနာအမှိုက်ပုံးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)