မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်(၄) (ဓာတ်ခွဲ) (၈)လသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန်လ ၂၄ ရက်

၂၄-၆-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်(၄) (ဓာတ်ခွဲ) (၈)လသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ ဆေးတက္ကသိုလ် (မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)