မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ကျင်းပ

ထားဝယ်၊ ဇွန်လ ၂၂ ရက်

၂၂.၆.၂၀၂၅ ရက်နေ့ နံနက် (၀၇:၀၀)နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် ထားဝယ်ခရိုင်/မြို့နယ်ဥပဒေရုံးများမှ အရာထမ်း/ အမှုထမ်းများ ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ကျင်းပ ရာ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ ၊ ထားဝယ် ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ  စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက တက်ရောက်လာသူ များအား သစ်ပင်၊ ပျိုးပင်များ ပေးအပ်ပြီး ကံ့ကော်ပျိုးပင်များကို စတင်စိုက်ပျိုးပေးခဲ့ပါသည်။ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များက ဝန်ထမ်းအိမ်ရာဝင်း အတွင်း ပျိုးပင်အမျိုးအစား (၁၀)မျိုး၊ စုစုပေါင်း ပျိုးပင် (၈၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ ကြပါသည်။ သက်ရှိလောက တည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံ ကြွယ်ဝဖို့ သဘာဝ တောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင် ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်များနှင့်အညီ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ကံ့ကော်၊ ခရေနှင့် အခြားပျိုးပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)