မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ အံတော်ရှင်ကျောင်းတိုက်တွင် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုခြင်းနှင့် လှူဒါန်းဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၂၄ ရက်

(၂၄.၅.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၃၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ အံတော်ရှင်ကျောင်းတိုက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူမှ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုခြင်းနှင့် လှူဒါန်းဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)