၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး ဖွင့်ပွဲအခမ်းအနား၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ စာရေးဝန်ထမ်းများ၏ စီမံ/အမှုလိုက်/ငွေစာရင်း လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၂၆ ရက်

(၂၆.၅.၂၀၂၅) ရက်နေ့ နံနက်(၀၇၂၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အထက-၁၊ အေးမြသီတာ ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တို့ တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင် ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ စာရေးဝန်ထမ်းများ၏ စီမံ/အမှုလိုက်/ငွေစာရင်း လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊  ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း၊ ရုံးအဖွဲ့မှူး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက်ပြည်နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေ အရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)