မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာသစ် မြေနေရာပတ်လမ်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်၊ မြစ်ကြီးနားမြို့၊ Community Centre တွင် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ  ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် မြစ်ကြီးနားမြို့၊  တပ်ကုန်းရပ်ကွက်၊  အ.ထ.က(၆)တွင်   တက္ကသိုလ်ဝင်တန်း(Grade-12) ဖြေဆိုနေသည့် ကျောင်းသူ/သားများအား အာဟာရထောက်ပံ့ခြင်းများသို့ ပါဝင်တက်ရောက် 

မြစ်ကြီးနား၊ ဇွန်လ ၂၁ ရက်

(၂၁.၆.၂၀၂၅)ရက်နေ့ နံနက်(၀၇၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာသစ် မြေနေရာပတ်လမ်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပြီးနောက် နံနက်(၀၉၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ Community Centre တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ  ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း နံနက် (၁၁၄၅) အချိန်တွင်  မြစ်ကြီးနားမြို့၊  တပ်ကုန်းရပ်ကွက်၊  အ.ထ.က(၆)တွင်   တက္ကသိုလ်ဝင်တန်း (Grade-12) ဖြေဆိုနေသည့် ကျောင်းသူ/သားများအား အာဟာရထောက်ပံ့ခြင်းသို့  ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ပါသည်။

(သတင်းစဉ်)