မကွေး၊ ဇူလိုင် ၂၉ ရက်

၂၉-၇-၂၀၂၅ ရက်နေ့ နေ့လယ်(၁:၃၀)အချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခ ဦးလှအောင်ခန်းမ၌ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆောင်၍ ဥပဒေစကားဝိုင်း ကျင်းပခဲ့ရာ ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးမျိုးမင်းဇော်ခေါင်းဆောင်သော အဖွဲ့မှ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
