ဥပဒေရေးရာဝန်ကြီးဌာန၏ (၄)နှစ်ပြည့်နှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်

မကွေး၊ ဩဂုတ် ၃၀ ရက်

၃၀-၈-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင်ခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာန၏ (၄)နှစ်ပြည့်နှစ်ပတ်လည်နေ့ ကျင်းပပြုလုပ် ခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ   အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)