မကွေး၊ စက်တင်ဘာ ၁ ရက်

၁-၉-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ သဲဖြူ ဆရာတော်ဘုရားကြီးဒေါက်တာဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဦးအောင်မြတ် Mother Group Of Companies မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသခြင်းအတွက် ကုသိုလ်ပြု အလှူတော် ဂုဏ်ပြုပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
