တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက်  အရည်အသွေးမြင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) “ ဖွင့်ပွဲအခမ်းအနား”  သို့ တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၁ ရက်

၁.၉.၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ သီရိခန်းမ၊ ဘားအံပညာရေး ဒီဂရီကောလိပ်တွင် တိုင်းရင်း သားဘာသာစာပေသင် ဆရာ/ဆရာမများအတွက်  အရည်အသွေး မြင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) ဖွင့်ပွဲအခမ်းအနား  သို့ ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)