စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်း၊ စက်တင်ဘာ ၁ ရက်

၁-၉-၂၀၂၅ ရက်နေ့၊ နံနက် (၉)နာရီအချိန်၊ စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ၊ စစ်ကိုင်းခရိုင်ဥပဒေရုံးမှ ဥပဒေအရာရှိများနှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ/ဆရာမ (၅၀) ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ (၃၀)ဦး နှင့် ကျောင်းသား/သူ (၁၃၇)ဦး တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)