စစ်ကိုင်း၊ စက်တင်ဘာလ ၄ ရက်

၄-၉-၂၀၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့မှ တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိဥပဒေအရာရှိများအား လာရောက် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့က တိုင်းဒေသကြီး အတွင်း ဥပဒေဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
(သတင်းစဉ်)
