ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန” တို့ပူးပေါင်း၍ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ စက်တင်ဘာ ၄ ရက်

၄.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊  ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းတွင် ကရင်ပြည်နယ်အတွင်း ” မိခင်သေဆုံးမှုနှင့် ကလေး သေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ကရင် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန” တို့ပူးပေါင်း ၍ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ  ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)