မကွေး၊ စက်တင်ဘာ ၄ ရက်

၄-၉-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)၊ (၂၅)နှစ်ပြည့် ငွေရတု မှတ်တိုင်ဖွင့်ပွဲ နှင့် The 6th ICT Project Competition & Show 2025 အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
