မကွေး၊ အောက်တိုဘာ ၂၅ ရက်

၂၅-၁၀-၂၀၂၅ ရက်နေ့ နံနက်(၉၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင်ခန်းမ၌ သတ္တမအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြား ချက်များကို မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေတို့က ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားသို့ ခရိုင်ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ ဒုမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
