မကွေး၊ နိုဝင်ဘာ ၄ ရက်

၄-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဗိဿနိုးပြည့်ရှင် ပန်ထွာဘုရင်မကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဖွင့်လှစ်မည် ဗိဿနိုး သစ္စာ ပေါင်းကူးတံတားကြီးဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
