ထားဝယ်၊ နိုဝင်ဘာ ၅ ရက်

၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် တိုင်းဒေသကြီးဥပဒေချုပ်က သတ္တမအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စု ရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေအရာရှိက ဥပဒေ ရေးရာဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို လည်းကောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
