ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှစ်ပတ်လည် အသင်းသားစုံညီနှင့် ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားသို့  တက်ရောက်

မကွေး၊ နိုဝင်ဘာ ၉ ရက်

၉-၁၁-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)အချိန်က မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှစ်ပတ်လည် အသင်းသားစုံညီနှင့် ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားသို့  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊      ဌာနဆိုင်ရာအကြီးအကဲများ၊  မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မကွေးတိုင်းအတွင်းရှိ ဆောက်လုပ်ရေးဆိုင်ရာအသင်းမှ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)