နတ်မောက်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင်  ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကလေးအလုပ် သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆိုးဝါးသောပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်းကို ဥပဒေအသိပညာပေး ဟောပြော

မကွေး၊ နိုဝင်ဘာ ၁၀ ရက်

၁၀-၁၁-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က နတ်မောက်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ‌ရေးရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်လှလှဆွေ၊ ဆပ်ကော်မတီ အဖွဲ့ဝင်များက  ကလေးအလုပ်သမား သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆိုးဝါးသောပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်းကို ဥပဒေအသိပညာပေး ဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ အင်အား(၁၁၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)