(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ဆားပွတ်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာ ၁၀ ရက်

၁၀-၁၁-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ဆားပွတ်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ  တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)