မကွေး၊ နိုဝင်ဘာ ၁၂ ရက်

၁၂-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
