မကွေးတိုင်းဒေသကြီး ဒီဇင်ဘာ အားကစားလူထုစုပေါင်း     လမ်းလျှောက်ပွဲကို  ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှလည်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲ

မကွေး၊ နိုဝင်ဘာ ၂၉ ရက်

၂၉-၁၁-၂၀၂၅ ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာ အားကစားလူထုစုပေါင်း     လမ်းလျှောက်ပွဲကို  ကျင်းပခဲ့ရာ     မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှလည်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)