မြစ်ကြီးနား၊ အောက်တိုဘာ ၁

(၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အံတော်ရှင်တောင်တန်းသာသနာပြု ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့်် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
