

နေပြည်တော်၊ စက်တင်ဘာ ၁၃
ယနေ့နံနက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့အကြား The Project for Capacity Development of Legal , Judical and Relevant Sectors in Myanmar(Phase-2) ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် JICA အဖွဲ့မှ Mr.Mamoru SAKAI တို့က Record of Discussion(ROD) လက်မှတ်ရေးထိုး ကြသည်။အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်လည်း တက်ရောက်ပါသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr.Sunao ISHIMARU ၊ အာမခံလုပ်ငန်းပညာရှင် Mr.Tsuyoshi SAITO နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အာမခံလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးနှင့်နိုင်ငံခြားအာမခံလုပ်ငန်း လိုင်စင်အတွက် စံနှုန်းသတ်မှတ်ရေးကိစ္စများ၊ ရင်းနှီးမြှုပ်နှံသော အာမခံကုမ္ပဏီများအား ရွေးချယ်ရာတွင် ငွေကြေးခိုင်မာမှုနှင့် နိုင်ငံကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် ကုမ္ပဏီများအား စဉ်းစား ရွေးချယ်သင့်ကြောင်း စသည့်ဥပဒေဆိုင်ရာအချက်များကို နှစ်ဖက်ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေးနွေးကြပါသည်။အဆိုပါတွေ့ဆုံပွဲသို့ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
