မြစ်ကြီးနားမြို့ ၊သီတာရပ်ကွက်ရှိ ဆုတောင်းပြည့် စေတီတော်၊ရန်ကြီးအောင်ရပ်ကွက်ရှိအံတော်ရှင်စေတီတော်နှင့် မင်းရပ် ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင် အားကစားကွင်းသို့ သီတင်းကျွတ်မီးထွန်းပွဲတော်ဆောင်ရွက်နေမှုအား  လှည့် လည်ကြည့်ရှု

မြစ်ကြီးနား၊ အောက်တိုဘာ ၇

(၇.၁၀.၂၀၂၅)ရက်နေ့ ညနေ(၁၇:၃၀)အချိန်တွင် မြစ်ကြီးနားမြို့ ၊သီတာရပ်ကွက်ရှိ ဆုတောင်းပြည့် စေတီတော်၊ရန်ကြီးအောင်ရပ်ကွက်ရှိအံတော်ရှင်စေတီတော်နှင့် မင်းရပ် ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင် အားကစားကွင်းသို့ သီတင်းကျွတ်မီးထွန်းပွဲတော်ဆောင်ရွက်နေမှုအား  ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်တို့နှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါ သည်။

(သတင်းစဉ်)